ရည်ရွယ်ချက်များ
သွေးတိုးရောဂါအတွက် ကျန်းမာရေးအလေ့အကျင့်ကောင်းများ
သင်တန်းဆရာအတွက် သင်တန်းအဖြစ်သတာ တရား
နှစ်ယောက်တွဲလေ့ကျင့်ရန် အမျိုးသမီးနှစ်ဦးစကားပြောခန်း
အချိန်(1)နာရီ(15)မိနစ်
(၁) သင်တန်းသားများသည် သွေးဘိုးရောဂါအကြောင်း၊ သွေးတိုးရောဂါ ဖြစ်ခြင်း အကြောင်းများနှင့် သွေးတိုးရောဂါကြောင့် နှလုံးရောဂါပါဖြစ်စေနိုင်သည့်အကြောင်း များကို လေ့လာရမည်။
(၂) သင်တန်းသားများသည် ရောဂါလက္ခဏာများ၊ ကုသနည်း၊ ကာကွယ်နည်းများ အကြောင်းကို လေ့လာရမည်။
(၃) သင်တန်းသားများသည် သွေးတိုးရောဂါကုသရခြင်း၏ အရေးပါပုံ သွေးတိုးလာလျှင် သွေးတိုးကျအောင် ပြုလုပ်နည်းများ၊ ရောဂါကုသခြင်း မခံယူပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များအကြောင်းကို လေ့လာ ကြမည်။
(၄) သင်တန်းသားများသည် သင်တန်းပြီးဆုံးပါက မိမိတို့ လေ့လာခဲ့ရသမျှ သွေးတိုး ရောဂါအကြောင်းကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြန်လည်သင်ကြား နိုင်စေရန် ရည်ရွယ်သည်။
ဤသင်ခန်းစာသည် “သွေးတိုးရောဂါနှင့် သွေးတိုးကျအောင် ပြုလုပ်ခြင်း” သင်ခန်း စာမှ ထုတ်နှုတ်ကိုးကားထားသည်။ ဤသင်ခန်းတွင် သိမှတ်ဖွယ်ရာ အချက် အလက်များနှင့် ကျန်းမာရေးအလေ့အကျင့် ကောင်းများ ပြုစုပျိုးထောင်ပုံများ ပါဝင် သည်။ နှစ်ယောက်တွဲလေ့ကျင့်ရန် (၂ မိနစ်) အမျိုးသမီးနှစ်ဦးစကားပြောခန်း
ပထမအမျိုးသမီး – နေကောင်းရဲ့လား
ဒုတိယအမျိုးသမီး – နေလို့သိပ်မကောင်းဘူး
တကသ မွေးခွန်းများ
တ=သင်ဘာကိုလေ့လာတွေ့ရှိပါသလဲ။ ပထမအမျိုးသမီး – ဘာဖြစ်တာလဲ
က=သင်ဘာကိုကြားပိပါသလဲ။
သ=အလားတူ ဖြစ်ရပ်မျိုး ကျွန်ုပ်တို့
အသိုင်းအဝိုင်းတွင်ရော ဖြစ်ပေါ်လေ့ရှိ
ခုက သင်မည်သို့ စံစားရပါ သနည်း။
ဒုတိယအမျိုးသမီး – ခေါင်းကိုက်တယ်၊ အားနည်းပြီးမူးတယ်၊ ဘာဖြစ်လို့လဲမသိဘူး၊ ဘာဖြစ်လို့လဲမသိဘူးနော်၊ ကျမ ဘာလုပ်ရမလဲ။
ပထမအမျိုးသမီး – ကျမလည်းမပြောတတ်ဘူး။ သူ့အလိုလိုသက်သာသွားပါလိမ့်မယ်။