သွေးတိုးရောဂါအတွက် ကျန်းမာရေးအလေ့အကျင့်ကောင်းများ
ရည်ရွယ်ချက်များ သွေးတိုးရောဂါအတွက် ကျန်းမာရေးအလေ့အကျင့်ကောင်းများ သင်တန်းဆရာအတွက် သင်တန်းအဖြစ်သတာ တရား နှစ်ယောက်တွဲလေ့ကျင့်ရန် အမျိုးသမီးနှစ်ဦးစကားပြောခန်း အချိန်(1)နာရီ(15)မိနစ် (၁) သင်တန်းသားများသည် သွေးဘိုးရောဂါအကြောင်း၊ သွေးတိုးရောဂါ ဖြစ်ခြင်း အကြောင်းများနှင့် သွေးတိုးရောဂါကြောင့် နှလုံးရောဂါပါဖြစ်စေနိုင်သည့်အကြောင်း များကို လေ့လာရမည်။ (၂) သင်တန်းသားများသည် ရောဂါလက္ခဏာများ၊ ကုသနည်း၊ ကာကွယ်နည်းများ အကြောင်းကို လေ့လာရမည်။ (၃) သင်တန်းသားများသည် သွေးတိုးရောဂါကုသရခြင်း၏ အရေးပါပုံ သွေးတိုးလာလျှင် သွေးတိုးကျအောင် ပြုလုပ်နည်းများ၊ ရောဂါကုသခြင်း မခံယူပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များအကြောင်းကို လေ့လာ ကြမည်။ (၄) သင်တန်းသားများသည် သင်တန်းပြီးဆုံးပါက မိမိတို့ လေ့လာခဲ့ရသမျှ သွေးတိုး ရောဂါအကြောင်းကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြန်လည်သင်ကြား နိုင်စေရန် ရည်ရွယ်သည်။ ဤသင်ခန်းစာသည် “သွေးတိုးရောဂါနှင့် သွေးတိုးကျအောင် […]