CHE

မိတ်ဆက်နှင့် ပါဝင်သော သင်ခန်းစာများ အကျဉ်း ချုံး
ဤစာအုပ်သည် စိတ်ဒဏ်ရာရသူများကို ကူညီသင်ကြားပေးရန် အသုံးပြုသည့် စိတ်ဒဏ်ရာများကို ကျန်းမာ စေခြင်း၊ အသင်းတော်က မည်သို့ ကူညီနိုင်မည်နည်း၊ သင်ခန်းစာ စာအုပ်ကို သင်ကြားပေးသော နည်းပြဆရာများ (Facilatatcrs) များ အသုံးပြုရန်အတွက် ဖြစ်သည်။
အောက်တွင် ပါရှိသော ဇယားတွင် နှလုံးသား ဒဏ်ရာ သက်သာစေရန် လေ့လာသင်ယူကြသူများ သင်ယူရသည့် အဆင့်များကို အကျဉ်းချုံး ဖေါ်ထားသည်။
စိတ်ဒဏ်ရာ ကျန်းမာစေခြင်း တွေ့ကြုံမှုပြ မျဉ်းကွေး
+
နာကျင်မှုများ လက်ဝါးကားတိုင်သို့ ယူဆောင်လာခြင်း
မြည်တမ်းခြင်း
ဝမ်းနည်း ပူဆွေးခြင်း နားထောင်ပေးခြင်း အခက်အခဲ ပြဿနာ
ခွင့်လွတ်ခြင်း
ဘဝသစ် အစပြုခြင်း ကြံကြံခံနိုင်ခြင်း
လူတို့သည် တစ်စုံတစ်ရာ ဆုံးရှုံးလိုက်ရခြင်းကြောင့် ဖြစ်စေ ဆင်းရဲ ဒုက္ခ ကြုံတွေ့ရလို့ ဖြစ်စေ နှလုံးသား ဒဏ်ရာ ရကြ သည်။ ဒီ ဒဏ်ရာများ သက်သာ ပျောက်ကင်းလာစေရန် သူတို့ကို အနာပေါ် ဒုတ်ကျ မဖြစ်ရအောင် ကောင်းစွာ နားလည် ပေးသည့် သူများထံ ရင်ဖွင့်ပြောဆိုရန် လိုအပ်သည်။ သူတို့သည် သူတို့၏ နာကျင်မှုများကို ရင်ထဲ သိုဝှက် မထားပဲ နာကျင် မှုကို ကိုယ်တိုင် အသိမှတ်ပြု ရန်လိုအပ်သလို ဝမ်းနည်း ပူဆွေးရန်လည်း လိုပါသည်။ သူတို့သည် ၎င်းတို့၏ နာကျင်မှုများ ကို အဖြစ်ကိုအဖြစ်တိုင်းဝန်ခံပြီး ဘုရားသခင်ထံမြည်တမ်းချင်းများ ရေးသားနိုင်သည်။ သူတို့၏ နာကျင်မှုများကို ဖေါ်ထုတ် ပြီးနောက် သူတို့၏ နာကျင်မှုများကို အပြစ်နှင့် အပြစ်၏ အကျိုးဆက်များဖြစ်သည့် သေခြင်း၊ ရောဂါ၊ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ စသည်များကို ချေဖြတ်ရန် လက်ဝါး ကားတိုင်တွင် အသေခံခဲ့သော ခရစ်တော်ထံ ယူဆောင်ဖို့ လိုသည်။ ခရစ်တော်၏ အနာငြိမ်းခြင်း ဆုကျေးဇူးကို လက္ခံရယူပြီးမှသာ သက်သာ ပျောက်ကင်းနိုင်သလို မိမိကိုယ် ပြစ်မှားသော သူများကိုလည်း ခွင့်လွတ် ပေးနိုင်မည်။ ကျွန်တော်တို့၏ အသက်တာများနှင့် လူမှု အသိုင်းဝိုင်းများကိုလည်း အသစ် အစ ပြုနိုင်မည် ဖြစ်သည်။ ကျွန်တော်တို့သည် နောက်ဖြစ်လာမည့် ဆင်းရဲ ဒုက္ခ များကို ရင်ဆိုင် နိုင်ရန်လည်း အသင့် ဖြစ်မည်။

Leave a Reply