မြစ်ကူးာတ်လမ်းပုံပြင်ကို သရုပ်ဖေါ်ခြင်း
မြစ်ကမ်းပါးများ ဖြစ်ရန် ကမ်းပြင်ပေါ်တွင် မြေဖြူသုံး၍ မျဉ်းကြောင်း နှစ်ကြောင်း ဆွဲပါ။
သရုပ်ဖေါ်ပြသခြင်း
မြစ်ကမ်းပါးများ ဖြစ်ရန် ကမ်းပြင်ပေါ်တွင် မြေဖြူသုံး၍ မျဉ်းကြောင်း၊ နှစ်ကြောင်း ဆွဲပါ။ နင်းကျောက် များကို ကိုယ်စားပြုသော စက်ပိုင်း နှစ်ခု နှင့် ကျွန်းကို ကိုယ်စားပြုရန် အလယ် ၌ ပိုကြီးသော စက်ဝိုင်းပုံဆွဲပါ။
ဖြစ်ရပ်- လူနှစ်ယောက် မြစ်ထဲကိုလာပြီး ကူးချင်ပေမဲ့.. ဘယ်လိုရေကူးရမယ်ဆိုတာ မသိကြဘူး။ ရေစီးကြောင်း အားကောင်း နေပြီး ဖြတ်ကျော်ရန် သူတို့ကြောက်ရွံ့ နေကြသည်။ ပြင်ပ လူတယောက် လာပြီး သူတို့ရဲ့ အခက်အခဲ တွေကိုမြင်တယ်။ သူက သူတို့ကို နင်းကျောက်များ မြစ်ထဲရှိရေတိမ်ပိုင်းများ) ကို အသုံးပြု၍ ဖြတ်ကျော်ရန် ကမ်းလှမ်းသော်လည်း သူတို့သည်.. ကြောက်ရွံ့နေကြသည်။ သူက သူ၏ကျော်ကုန်းပေါ်၌ ထမ်း၍ သယ်ဆောင်ရန် သဘောတူသော်လည်း၊ အလယ်၌ ရှိသော ကျွန်းသို့သာ ရောက်နိုင်သည်။ ထိုနေရာ ၌ ပထမ လူကို ထားပြီး၊ နောက်တယောက်စောင့်နေသော နေရာကို ပြန်သွားသည်။
ဖြစ်ရပ် ၂- အပြင်လူသည် မြစ်ကမ်းပါး၌ စောင့်ဆိုင်းနေသော ရွာသူရွာသား ထံသို့ ပြန်သွားသော် လည်း
ယခုသူ့ကိုသယ်ဆောင်ရန် ပင်ပန်းနေသည်။ သူသည် ဒုတိယ လူကို သယ်ဆောင်ရန် ငြင်းဆန်သော်လည်း ကျောက်တုံး များ (သို့မဟုတ် ရေတိမ်ပိုင်း) တွင် မည်ကဲ့သို့ လမ်းလျှောက် ရမည် ကို ပြသ၍ ကူညီရန် သဘောတူသည်။ ခရီးတက် ဖြတ်ကျော်လာချိန် တွင် ရွာသား သည် မိမိ ကိုယ်ကို မိမိ စီမံ ခန့်ခွဲရန် လုံလောက်သော ယုံကြည်မှု ရှိလာသည်။ ဒုတိယ ရွာသား နှင့် ပြင်ပလူသည် မြစ်ကို ဖြတ်ကူး ကြာသော်လည်း ပထမ ရွာသား မှာ ကျွန်းပေါ်တွင် ကျန်ရှိနေဆဲဖြစ်သည်။ သူသည် အကူအညီရရှိရန်အတွက် အော်ဟစ်သည်။ အပြင်လူ က လမ်းလျှောက်ထွက်သွားပြီး ဒုတိယ ရွာသားကို နောက်တခေါက်သွားပြီး ကျွန်းပေါ်မှာ ရှိသော ရွာသား ကို ကျောက်ခဲတွေ၊ ရေတိမ်ပိုင်းတွေ မှာ ဘယ်လို လမ်းလျှောက်ရမယ်၊ ကမ်းခြေကို ဘယ်လို သွားရမယ် ဆိုတာကို ညွှန်ပြဖို့ ညွှန်ကြားထားသည်။