4- 08/19
ပြည်စုံသောတပည်တော်ဖြစ်စေသူများတိုးပွားများပြားခြင်း-
MULTIPLYING INTEGRAL DISCIPLE MAKERS-IDMM
(တစ်နာရီ)
ရည်မှန်းချက်များ- ဤသင်ခန်းစာလုပ်ဆောင်ပြီးစီးသည့်နောက်တွင် ပါဝင်လုပ်ဆောင်သူများ (သင်တန်းသား၊ သူ) သည်
၁.ဘုရားသခင်၏နိုင်ငံတော်ထဲသို့ခေါ်ဆောင်ရာတွင် ယေရှု၏နည်းဗျူဟာသည် တပည်တော် ဖြစ်စေသူများအားသင်ကြားလေ့ကျင့်ပေးရန်ဖြစ်ခဲ့သည်ကို သိရှိနားလည်နိုင်လိမ့်မည်။ ၂. တပည်တော်ဖြစ်စေခြင်းဟူသည်အသက်တာ နယ်ပယ်အသီးသီး၌ကြီးထွား တိုးတက်လာခြင်းနှင့် အသွင်ပြောင်းလဲခြင်းတို့ဖြစ်သည်ကို သိရှိနားလည်နိုင်လိမ့်မည်။
သင်တန်းဆရာများအတွက် ခြုံငုံသုံးသပ်ခြင်း-
ပွဲဦးထွက်စတင်လှုပ်ရှားသူ
သရုပ်ဖေါ်ခြင်း- လူနှစ်ယောက်တို့သည် စကားပြောနေကြသည်။ ပထမပုဂ္ဂိုလ်-ဟယ်လို/မင်္ဂလာပါ သူငယ်ချင်း။ နေကောင်းသလား။ သင်၏သာသနာလုပ်ငန်း အခြေအနေ ဘယ်လိုလဲ။
ဒုတိယပုဂ္ဂိုလ်- ကျွန်တော်အလွန်ကျေနပ်အားရခဲ့ပါသည်။ လွန်ခဲ့သောလမှာ ကျွန်တော်သည်လူ့အသိုင်း
အဝိုင်းတစ်ခုသို ့သွားရောက်ခဲ့ ပြီး ထို သူတို့အထဲမှ လူ နှစ်ဆယ့်သုံးယောက်သည် ကောင်းကင်နိုင်ငံသို့ပင် ရောက် ပွင့် လက်မှတ် ကို ရရှိခဲ့ပြီး၊ ငရဲမှလွတ်မြောက်ခြင်းကို ခံခဲ့ရသည်။ နောက်လာမည့် စနေနေ တွင် ကျွန်တော်သည် အခြား သောရွာတရွာသို ့သွားရောက်လည်ပတ်မည်။ များစွာသောလူတို့သည် သူတို့၏ခရီးသွား လက်မှတ်ကိုရရှိကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ သင်ကော ဘယ်လိုလဲ။ – လွန်ခဲ့သောခြောက်လအထိ ကျွန်တော်သည် လူ ့အသိုင်းအဝိုင်းတစ်ခုထဲတွင် ပါဝင်နေခဲ့သည်။ ကျွန်တော်သည်မိသားစုနှစ်စုထံသို့သွားရောက်လည်ပတ်ခဲ့သည်။
မိသားစုများ၏အုပ်ထိန်းသူများသည် ခရစ်တော် ကို လက်ခံယုံကြည်သူများဖြစ်လာခဲ့ကြသည်။ သူတို ့၏အသက်ရှင်နေထိုင်မှုများသည်ပြောင်းလဲခဲ့ပြီးသူတို့သည် ကျန်းမာသန်စွမ်းသော မိသားစုများဖြစ်လာခဲ့သည်။ ကျွန်တော်သည် သူတို ့အား ဘုရားသခင် ကိုချစ်တတ်ရန်၊ သူတို့နှင့်စပ်ဆိုင်သူများကိုချစ်ရန်ပြည်စုံသောတပည့်တော်များအဖြစ် သူတို့အားသင်ကြား လေ့ကျင့်ပေးနေသည်။ ယခုအချိန်တွင် ဤမိသားစုများတို့သည် သူတို့ နှင့်စပ်ဆိုင်သူများအား ဘုရားသခင်၏နိုင်ငံတော်အကြောင်းသတင်းကောင်းကို စတင်ဝေငှနေသည်။ သူတို့သည် ယေရှု၏တပည်တော်အသစ်များဖြစ်လာစေရန် လုပ်ဆောင်နေကြသည်။
ထို နေရာ၌နေထိုင်သူများတို့ သည် စတင်ပြောင်းလဲနေသည်။
ဒုတိယပုဂ္ဂိုလ်- ထိုအရာသည် ကောင်း၏။ သို့သော်လည်း ကျွန်ပ်အတွက် တော့ နေးကွေး တယ် လို့ ထင်မြင်
တယ်။