ရည်ရွယ်ချက်များ
၁။
ပြဇာတ်
သင်တန်းသူ/သားများသည်မူးယစ်ဆေးဝါးကြောင့်ဖြစ်လာမည့်အရေးကိစ္စများ၊ ထိခိုက်ဆုံးရှုံး များနှင့် မည်ကဲ့သို ့ကြိုတင်ကာကွယ်ရမည်ကိုသဘောပေါက်လာစေရန်။
၂။ သင်တန်းသူ၊သားများသည်မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်လူ၏အမူအကျင့်ကိုမည်ကဲ့သို့အကျိုး
သက်ရောက်မှုရှိသည်ကိုဆွေးနွေးရန်။
အထက်တန်းကျောင်းသူနှစ်ဦးသည်မနေ့ညတွင်သူတို့ပါဝင်ခဲ့ကြသောပါတီပွဲအကြောင်းပြောဆိုနေကြသည်။ ကျောင်းသူတစ်ဦးကမနေ့ညကသူ၏အပြုအမူနှင့်ပတ်သက်၍ယခုအရမ်းရှက်နေသည့်အကြောင်းပြောဆိုနေသည်။ အခြားကျောင်းသူတစ်ဦးကသူမလည်းပထမဦးဆုံးတစ်ခွက်ကိုသောက်ခဲ့ခြင်းကြောင့်ဝမ်းနည်းကြောင်းပြောဆိုနေသည်။
ထိုမိန်းကလေးနှစ်ဦးသည်မိမိကိုယ်ကိုမိမိခရစ်ယာန်ကောင်းများဟာထင်မြင်ကြသည်။ သို့သော်လည်းအရက်အနည်းငယ် သောက်ရန်သူတို့ကိုတိုက်တွန်းလာသောအခါသူတို့အလိုမရှိသောအရာကိုသူတို့ပြုလုပ်ခဲ့ကြသည်။ ယခုသူတို့ဂုဏ်သိက္ခာ
ပျက်ဆီးဆုံးရှုံးသွားသည်ဟုသူတို့ခံစားနေကြသည်။