CHE

တစ်ခုခုကိုစွဲလမ်းမက်မောခြင်း

ရည်ရွယ်ချက်များ ၁။ ပြဇာတ် သင်တန်းသူ/သားများသည်မူးယစ်ဆေးဝါးကြောင့်ဖြစ်လာမည့်အရေးကိစ္စများ၊ ထိခိုက်ဆုံးရှုံး များနှင့် မည်ကဲ့သို ့ကြိုတင်ကာကွယ်ရမည်ကိုသဘောပေါက်လာစေရန်။ ၂။ သင်တန်းသူ၊သားများသည်မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်လူ၏အမူအကျင့်ကိုမည်ကဲ့သို့အကျိုး သက်ရောက်မှုရှိသည်ကိုဆွေးနွေးရန်။ အထက်တန်းကျောင်းသူနှစ်ဦးသည်မနေ့ညတွင်သူတို့ပါဝင်ခဲ့ကြသောပါတီပွဲအကြောင်းပြောဆိုနေကြသည်။ ကျောင်းသူတစ်ဦးကမနေ့ညကသူ၏အပြုအမူနှင့်ပတ်သက်၍ယခုအရမ်းရှက်နေသည့်အကြောင်းပြောဆိုနေသည်။ အခြားကျောင်းသူတစ်ဦးကသူမလည်းပထမဦးဆုံးတစ်ခွက်ကိုသောက်ခဲ့ခြင်းကြောင့်ဝမ်းနည်းကြောင်းပြောဆိုနေသည်။ ထိုမိန်းကလေးနှစ်ဦးသည်မိမိကိုယ်ကိုမိမိခရစ်ယာန်ကောင်းများဟာထင်မြင်ကြသည်။ သို့သော်လည်းအရက်အနည်းငယ် သောက်ရန်သူတို့ကိုတိုက်တွန်းလာသောအခါသူတို့အလိုမရှိသောအရာကိုသူတို့ပြုလုပ်ခဲ့ကြသည်။ ယခုသူတို့ဂုဏ်သိက္ခာ ပျက်ဆီးဆုံးရှုံးသွားသည်ဟုသူတို့ခံစားနေကြသည်။

နှလုံးသားများကိုကျန်းမာသက်သာစေသည့်အသင်း

ကျွန်ုပ်သည် အရေးပါသောသူတစ်ဦးဖြစ်ပါသလား။ “လာကြ၊ ချောင်းထဲ ဘယ်သူအရင်ရောက်မလဲ ပြိုင်ကြရအောင်ဟေ့”ဟု ဆန်းမင်းက သူငယ် ချင်းများကို အော်ခေါ်လိုက်သည်။ အချိန်မှာ ညနေစောင်းခန့် ဖြစ်သည်။ ကလေးများ အားလုံးသည် သူတို့၏ မိခင်များအတွက် ရေခပ်ပေးနေ ကြသည်။ ရွံ့ဗွက် ထနေသော လမ်း ကလေးအတိုင်း ဟိုဟိုဒီဒီပြေးလွှားကာ စမ်းချောင်းလေးဆီသို့ ပြေးသွားကြသည်။ ငါအရင်ရောက်ပြီဟေ့ဟု ဆန်းမင်းက အော်လိုက်သည်။ ပြီးနောက် ရေပုံးထဲသို့ဦးစွာ အရင် ရေခပ်နိုင်ဖို့ စမ်းချောင်း လေးဆီသို့ အလျင်အမြန်ပြေးသွားသည်။ မိဘများမှ အခြား အလုပ်တစ်ခု မခိုင်း ခင်၊ အချိန်ကြာကြာ ဘောလုံးကစားနိုင်မည့် မျော်လင့်ချက်လေးဖြင့် ရွာထဲသို့ အပြေး ပြန်ကြသည်။ ကလေးများရွာထဲသို့ပြေး၍ ပြန်လာစဉ် ရွာထဲ၌ တစ်စုံတစ်ခု ဖြစ်ပျက် နေကြောင်းကို ရိပ်စားမိလိုက်ကြသည်။ လူကြီးတစ်စုမှာ […]