CHE

စိတ်ဒဏ်ရာ ရနေသူများအားကူညီနိုင်ရန် စစ်ပွဲဖြစ်ပွားရာဒေသများမှ အသင်းတော် ခေါင်း ဆောင်များ၏ တောင်းဆိုမှုအရ စိတ်ဒဏ်ရာများကို ကျန်းမာသက်သာစေခြင်း၊ အသင်းတော် က မည်ကဲ့သို့ကူညီနိုင်မည်နည်း စာအုပ်ကို ၂၀၀၄ တွင် ပထမအကြိမ် ထုတ်ဝေ ခဲ့ပါသည်။ ထိုစာအုပ်ကို အခြေခံ၍ စိတ်ဒဏ်ရာ ကျန်းမာစေခြင်း သာသနာ လုပ်ငန်းသည် ကျယ်ပြန့် လာသည်နှင့်အမျှ အလားတူပင်ကလေးများသည်လည်း စိတ်ဒဏ်ရာ ခံစား နေရ သူများ ဖြစ်ကြောင်းနှင့် ထိုကလေး သူငယ်များသည် သူတို့ ခံစား နေရသည့် နာကျင်မှုများ အား ထုတ်ဖော်ပြောဆိုရန် အခက်အခဲများ ရှိကြောင်းနားလည် သိမြင်လာခဲ့ရပါသည်။
ဤစာအုပ်သည် အတော်အတန် စာရေးနိုင်ဖတ်နိုင်ပြီးဖြစ်သော အသက် ၉ မှ ၁၃ နှစ် ကြားရှိ ကလေးများအား ကူညီနေသည့် အသင်းတော် ခေါင်းဆောင်များအတွက် ရည်ရွယ် ပါသည်။ ကလေးများသည် ပုံပြင်နှင့် လှုပ်ရှားမှုများ ပါဝင်သော နှလုံးသားများအား ကျန်းမာ စေသည့် အင်း စာအုပ် တစ်အုပ်စီ ရရှိမည်ဖြစ်သည်။ ဤသင်ရိုးညွန်းတမ်းတွင် သင်ခန်း စာ (၁၀) ခု ပါရှိပြီး၊ သင်ခန်းစာ တစ်ခုစီကို ကဏ္ဍ နှစ်မျိုးစီဖြင့် တင်ဆက် ထားပါသည်။
စိတ်ဒဏ်ရာရနေသည့် ကလေးနှစ်ဦး၏ လက်ရှိဘဝကို ပုံဖော်ပေးသည့် ပုံပြင် တစ်ပုဒ်။ ထိုပုံပြင် အားဖြင့် သင်ခန်းစာ၏ ခေါင်းစဉ်ကို မိတ်ဆက်ပေးသည်။ ထို့နောက် လေ့ကျင့် ခန်းများပြုလုပ်စေခြင်း၊ တိုင်ပင်ဆွေးနွေးစေခြင်း၊ နှင့် ရုပ်ပုံများ ရေးဆွဲ ဖန်တီး စေခြင်း တို့ဖြင့် သင်ခန်းစာအား သင်ကြားပေးသည်။

Leave a Reply