ပါဝင်သူများသည် အသေးစားစီးပွားရေးသမားတစ်ဦး၏ ဘဝအတွေ့အကြုံကို ကြားနာပြီး မိမိတို့ကိုယ်ကို ယုံကြည် စိတ်ချမှု ရရှိလာစေရန်။
ပါဝင်သူများသည် ရန်ပုံငွေ အရင်းအမြစ်အမျိုးမျိုးတို့၏ ကောင်းကျိုး၊ ဆိုးကျိုးများကို လေ့လာစဉ်းစားနိုင်ရန်။
သင်တန်းပေးသူများအတွက်သုံ။သပ်ချက်
ပါဝင်သူများသည် ပြင်ပမှ ချေးငွေများသာ ရံပုံငွေအရင်းအမြစ်ဖြစ်သည်ဟု ယုံကြည်နေကြမည်။ ဤသင်ခန်းစာသည် သူတို့ကို အခြားသော အရင်းအမြစ်များမှလည်း ရံပုံငွေရရှိနိုင်ကြောင်း စဉ်းစားနိုင်ရန် အထောက်အကူ
ပြုပါသည်။
နည်းလမ်း
ဇာတ်
လူတစ်ယောက် ထိုင်နေ၍ သူ၏ခေါင်းကို စိတ်ပျက်စွာ ခါနေသည်။ မိတ်ဆွေတစ်ဦးရောက်လာပြီး ဘာပြဿနာများ ဖြစ်နေလို့လည်းဟုမေးသည်။ စိတ် ပျက်နေသူက ကျုပ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မလို့ပါ။ ကျုပ်မှာ အကြံဉာဏ်လည်းရှိတယ်။ ကျွမ်း ကျင်မှုလည်း ရှိပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ရင်းနှီးငွေ မရှိဘဲဖြစ်နေတယ်။ ဒါကြောင့် ကျုပ်ရဲ့ အကြံ အစည်ကို စွန့်လွှတ်ရမလို ဖြစ်နေပြီ။ မေးခွန်းများပေးပါ။
မြင် – မည်သည့်အရာကို တွေ့မြင်ခဲ့သနည်း။ ဖြစ် – မည်သည့်အရာ ဖြစ်ပွားခဲ့သနည်း။
အချိန်
မိတ်ဆွေနှစ်ယောက်
သုတပညာ
လူတစ်ဦးသည် ငွေအရင်းအနှီးမရှိ၍ စီးပွားရေး လုပ်ငန်းမစတင်နိုင်သောကြောင့် စိတ်ဓါတ်ကျ
နေသည်။