CHE

Covide 19 ကြောင့်စိတ်ဒဏ်ရာရနေသော သူများကိုကျန်းမာသက်သာစေခြင်း

Cavid-19 ကပ်ရောဂါအကြောင်းကို ပိုမို သိရှိနိုင်ရန်၊ Covid-19 ကပ်ရောဂါအားဖြင့် လူအများအပေါ် မည်သို ထိခိုက်မှုများ ဖြစ်စေသည်ကို သိရှိနိုင်ရန်။ ဤသို့သော ကပ်ရောဂါ ကြုံတွေ့နေရချိန်၌ပင် ဘုရားသခင်၏ မေတ္တာနှင့် ဂရုဏာတော်ကို ခံစားရရှိနိုင်ရန်။ မိမိနှင့်အခြားသူများကို Cowid 19 ကြောင့် ရရှိသော စိတ်ဒဏ်ရာများမှ ပျောက်ကင်းသက်သာနိုင်စေရန်။ ဤသင်ခန်းစာကိုပုံစံနှစ်မျိုးဖြင့်အသုံးပြုနိုင်သည်။ ဤသင်ခန်းစာ တစ်ခုတည်းကိုသာ သင်ကြား ပေးမည်ဆိုပါက၊ TH သင်ခန်းစာစာအုပ်မှ၊ သင်ခန်းစာ ၁၁(က) သဘာဝဘေးရာယ် ဖြစ်ပြီး ပြီးချင်း လူထုကို ကူညီခြင်း ဆိုသည့် သင်ခန်းစာ ကို နောက်ဆက်တွဲဖြင့် သင်ကြားပို့ချပေးနိုင်သည်။ နောက်တစ်နည်းမှာ ဤသင်ခန်းစာကို ပုံမှန် စိတ်ဒဏ်ရာများ သက် သာ ပျောက်ကင်းစေခြင်း အလုပ်ရုံဆွေးနွေးပွဲများတွင်လည်း ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ ဤသင်ခန်းစာတွင် […]

စိတ်ဒဏ်ရာများကိုပြန်လည်ကျန်းမာစေခြင်း၊အသင်းတော်က မည်သို့ကူညီပေးမည်နည်း

ယနေ့ကမ္ဘာ့နိုင်ငံများစွာရှိလူသားများသည် စစ်ပွဲများ၊ လူမျိုးရေးပဋိပက္ခများ၊ ရေကြီး ခြင်း၊ မတော်တဆ ထိခိုက်ကြရခြင်း၊အိမ်တွင်းအကြမ်းဖက်မှုနှင့် ဒုစရိုက်မှုအမျိုးမျိုး တို့ ကိုကြုံတွေ့နေကြရသည်။ လူအများတို့သည်ထိုအကြောင်းအရာတို့ကြောင့် အတွင်းစိတ် ၌ နာကျင်မှုများ ခံစားနေရကြသည်။ အသင်းတော်သည် ထိုသို့ ခံစားနေကြသော အသင်း သား များကို ကူညီပေးရမည် (တမန် ၂၀း၂၈)။ လောကအတွက် ဆားနှင့်အလင်း ဆောင်နိုင်သော သူများ ဖြစ်ရမည်။ ဤစာအုပ်သည် ဆိုးဝါးသော စိတ်ဒဏ်ရာများ ကြုံတွေ့ခဲ့သည့် ယုံကြည် သူများကို အသင်းတော်ခေါင်းဆောင်များက မည်သို့အကူအညီပေးနိုင်မည်ကို နားလည် သိရှိ နိုင်ရန်အတွက် ရည်ရွယ်သည်။ သင်ခန်းစာတိုင်းသည် စိတ်ဒါဏ်ရာ ရှိသူများအား ကူညီနိုင် မည့် နည်းလမ်းများကို သမ္မာကျမ်းစာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သွန်သင်မှုများဖြင့် ပေါင်းစပ် တင်ပြထားသည်။

အကူအညီပေးဖို့ရန်အခြေခံအုတ်မြစ်

ရည်ရွယ်ချက် ဤသင်ခန်းစာကို ပြီးမြောက်သောအခါ- ၁။ သင်တန်းသားတို့ သည် ချစ်မေတ္တာတရားကို ထုတ်ဖော်ပြသနိုင်လာမည်ဖြစ်သလို၊ သင့်လျော်ပြီး သာမန်ပုဂ္ဂိုလ်က အကြံဉာဏ်ပေးလို့ ရသည့် အခြေအနေများကို ကြိုဆိုလာမှာဖြစ်သည်။ သင်တန်းပို့ချသူ … အကူအညီပေးစွမ်းရည် သင်ခန်းစာ အတွဲထဲမှ ဤဒုတိယသင်ခန်းစာသည် သာမန်အကြံ အတွက် မှတ်ချက် ပေးပုဂ္ဂိုလ်များအတွက်ဖြစ်သည်။   Download file

နားထောင်ခြင်း

၁။ သင်တန်းသားတို့ သည် နားထောင်ခြင်းက အကျိုး၀င်သည့် အကူအညီပေးစွမ်းရည်တစ်မျိုးဆိုတာကို သိနားလည်လာပြီး၊ ဤစွမ်းရည်ကို သူ (သို ့ ) သူမ၏ သာသနာလုပ်ငန်းခွင်မှာ တိုးပွါးလာစေနိုင်မှာဖြစ်သည်။   Download file

မုဒိန်းမှု့နှင့်လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု့ပုံစံ

ဤသင်ခန်းစာပြီးမြောက်ပြီးမြောက်ပြီးနောက်တွင် သင်တန်းတက်ရောက်သူများသည် ဘာထား ၁။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာနောက်ယှက်ပုံစံများကို အဓိပ္ပါယ်ကိုသိလာလိမ့်မည်။ လုပ်ဆောင်ချက် ၂။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုပြုမူပုံများကိုရှင်းပြလာနိုင်လိမ့်မည်။ ၃။ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ကျူးလွန်ခံရသူများသည် ၎င်းတို့ရဲ့ စိတ်ဒဏ်ရာမှ ကျန်းမာလာစေဖို့ ကူညီပေးနိုင်မည့်နည်းလမ်းများကို ဆွေးနွေးလာနိုင်လိမ့်မည်။ ၄။ မုဒိမ်းကျင်ခံရခြင်းမှမွေးဖွားခံရသော ကလေးများအား လူ့အသိုင်းအဝိုင်းက လက်ခံ၊ ပြုစုပျိုးထောင်လာရန်ကူညီနိုင်မည့်နည်းလမ်းများကို ဆွေးနွေးလာနိုင်လိမ့်မည်။   Download file

ဘုရားသခင်ကငါတို့ကိုချစ်သည်ဆိုလျှင်ငါတို့ဒုက္ခဘာကြောင့်ရောက်ရသလဲ

သဘောထား ၁။ သင်တန်းသားတို့သည် စိတ်ဒဏ်ရာနှင့်ပတ်သက်သော ဒနာကို နားလည်သွားမည်။ လုပ်ဆောင်ခြင်း ၂။ သင်တန်းသားတို့သည် အဘယ်ကြောင့် ဒုက္ခဆင်းရဲရှိကြောင်း နှင့် ၄င်းကို ဘုရားသခင်၏တုံ့ပြန်မှုအကြောင်း နားလည်သွားမည်။ သင်တန်းပို့ချသူ . ဤသင်ခန်းစာသည် စိတ်ဒဏ်ရာတို့ကို ကုသခြင်းသင်ခန်းစာ အတွဲထဲမှ ပထမဦးဆုံး အတွက် သင်ခန်းစာဖြစ်သည်။ မှတ်ချက် This is the first lesson from Healing the Wounds of Trauma series, Margaret Hill, Harriett Hill, Richard Bagge, Pat Miersma, Paulines Publications Africa, Nairobi Kenya, 2005.   Download file