CHE

အမြတ်ငွေနှင့် ဈေးနှုန်းသတ်မှတ်ခြင်း

ရည်ရွယ်ချက် ၁။ သင်တန်းသူ/သားများသည်ဝင်ငွေ၊ အသုံးစရိတ်၊ အမြတ်ငွေစသည့်အသုံးနှုန်းများကိုအသုံးပြုလာ ပြီး၎င်းတို့၏ထုတ်ကုန် (သို ့) ဝန်ဆောင်မှူလုပ်ငန်းကို၎င်းတို့ကိုယ်တိုင်ရွေးချယ်ထားသောဈေးနှုန်း သတ်မှတ်ခြင်းနည်းဗျူဟာပေါ်တွင်အခြေခံရောင်းချရမည့်ဈေးနှုန်းကိုတွက်ချက်လာနိူင်ရန်။ သင်တန်းပို ့ချသူများအတွက်အကျဉ်းချုပ် ဤသင်ခန်းစာသည်သင်တန်းသူ/သားများအား၎င်းတို့၏စီးပွါးရေးလုပ်ငန်းအစီအစဉ်ကိုဖန်တီးလာနိုင် ရန်နှင့် သင့်တင့်လျောက်ပတ်သောဈေးနှုန်းကိုသတ်မှတ်နိုင်ရန်ပြင်ဆင်ပေးသည်။   Download file

အသေးစားလုပ်ငန်းများအားမြေပုံပြုစုခြင်း

နေ့စွဲ (1)နာရီ ရည်ရွယ်ချက်များ (၁) သင်တန်းသားများသည် အသေးစားလုပ်ငန်းလေးများမှတဆင့် မိမိတို့ပတ်ဝန်း ကျင်တွင် ရရှိနိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများအားစာရင်းပြုစုမည်။ (၂) သင်တန်းသားများသည် မိမိတို့ပတ်ဝန်းကျင်ရှိ အသေးစားလုပ်ငန်းလေးများ၏ လိုအပ်ချက်များနှင့် လားရာများကို တွေးတောစဉ်းစားမည်။ (၃) ဤသင်ခန်းစာပါ အကြောင်းအရာများသည် မိမိတို့ပတ်ဝန်းကျင်နှင့် အဖွဲ့ အစည်းများအကြောင်း မိုမိုသိရှိစေရန် လက်တွေ့အသုံးချနိုင်သည့် နည်းလမ်း များဖြစ်သည်။ သင်တန်းဆရာအတွက် အခြေခံသဘောတရား ယခုသင်ခန်းစာကိုလေ့လာခြင်းဖြင့် ရှေ့အခန်းများတွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ဝယ်ယူရရှိနိုင် သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ စီးပွားရေးပြိုင်ဆိုင်မှု၊ လုပ်ငန်းများတည်နေရာ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စီးဆင်းမှုတို့ကို လေ့လာနိုင်သည်။ ဤအပိုင်းလေ့လာပြီးလျှင် သင်တန်းသားများ သည် ၎င်းတို့ မည်ကဲ့သို့သော အသေးစားလုပ်ငန်းများ စတင်လုပ်ကိုင်မည်ဆိုသော အတော်အသင့် ခိုင်မာသည့် စိတ်ကူးစိတ်သန်းများ ရရှိမည် ဖြစ်သည်။ […]

ဘဏ္ဍာရေး

ရည်ရွယ်ချက်များ ၁။ သင်တန်းသူ/သားများသည်အသေးစိတ်မှတ်တမ်းပြုစုခြင်းကိုရင်းနှီးပြီးပြုလုပ်လာနိုင်စေရန်။ ၂။ သင်တန်းသူ/သားများသည်မိမိတို့၏ဝင်ငွေနှင့်ထွက်ငွေများကိုရှင်းလင်းသောစာရင်းနှင့်အတူ လုပ်ထုံးလုပ်နည်းအတိုင်းပြုလုပ်ပြီးထိန်းသိမ်းထားခြင်းကိုပြုလုပ်လာနိုင်ရန်။ သင်တန်းပို့ချသူအတွက်အကျဉ်းချုပ် ၊ ။ ဤသင်ခန်းစာသည်အသေးစားလုပ်ငန်းများ၊ ၎င်းတို့၏ ဝင်ငွေနှင့် အသုံး ဧရိတ်များကိုတိကျစွာစာရင်းပြုစုနိူင်စေပြီးငွေကြေးနှင့်ပတ်သတ်၍ရိုးရှင်းလွယ်ကူသောစာရင်းအကျဉ်းချုပ်ပြုလုပ်နိုင်စေပါ သည်။ နည်းစနစ် ဘဏ်ကြီးတစ်ခုကိုစီမံအုပ်ချုပ်နေသူတစ်ဦးသည်လုပ်ငန်း ငယ်သေးလည်ပတ်နိုင်ရန်ငွေချေးသူတစ်ဦးကိုအင်တာ ဗျူးပြုလုပ်နေပါသည်။ အင်တာဗျူးတွင် (မေးပြန်ခန်း တွင်) ချေးငွေလျှောက်ထားသူ ကျွန်တော်လုပ်ငန်းလေးတစ်ခုလုပ်ချင်လို့လုပ်ငန်းစတင် လုပ်နိုင်ဖို့ငွေချေးချင်ပါတယ်။ တာဝန်ရှိသူ (ဘဏ်စီမံအုပ်ချုပ်သူ) သင့်ထံတွင်လိုအပ်သောစာရွက်စာတမ်းနှင့် အစိုးရခွင့်ပြု ချက်လိုင်စင်ရှိပါသလား၊ ချေးငွေလျှောက်ထားသူ တာဝန်ရှိသူ (ဘဏ်စီမံအုပ်ချုပ်သူ) ကျွန်တော်ခင်ဗျားရဲ့ လွန်ခဲ့သော (၅) နှစ်မှစတင်ပြုလုပ် လာသောငွေစုသည့်မှတ်တမ်းကိုကြည့်ခွင့်ရှိမလား။ ချေးငွေလျှောက်ထားသူ ကောင်းပါပြီးလွန်ခဲ့တဲ့နှစ်များကျွန်တော်တို့မှာအစက်အဖွဲ့ အချို့ရှိခဲ့ပါတယ်။ တာဝန်ရှိသူ (ဘဏ်စီမံအုပ်ချုပ်သူ) ကျွန်တော်တို့ကိုအထောက်ကူ ဖြစ်စေပြီးကျွန်တော်တို့ ချေးငွေအတွက် အာမခံပေးနိုင်ရုံတစ်ခုခုအကြောင်းပြော နိုင်မလား။ အချိန် သုတ