စွဲလမ်းမှု့စက်ဝန်း
ဗဟုသုတ သဘောထား လုပ်ဆောင်ရန် ယခုသင်ခန်းစာပြီးမြောက်သွားသောအခါ သင်တန်းတက်ရောက်သူများသည် ၁။ စွဲလမ်းမှု အဓိပ္ပါယ်ကို ရှာနိုင်လိမ့်မည်။ ၂။ လူတွေမူးယဇ်ဆေးစွဲနေပြီး၊ ဆေးစွဲလာပုံကိုဆွေးနွေးလာနိုင်လိမ့်မည်။ ၃။ ဆေးစွဲနေသောသူများအားကူညီနိုင်မည့် သမ္မာကျမ်းထဲမှပညာကိုရရှိလာလိမ့်မည်။ ၄။ ဆေးစွဲနေသူများ၏ ပြန်လည်ကောင်းမွန်လာလိုသည့်စိတ်ဆန္ဒအဆင့်အတိုင်း ဆေးစွဲသူတစ်ဦးတစ်ယောက်မှန်ကန်စွာ မည်သို့တုံ့ပြန်ရမည်ကို သိရှိလာလိမ့်မည်။ ၅။ ဆေးစွဲနေသူတစ်ဦးရဲ့ မိသားစုများနှင့် မိတ်ဆွေများအား ကူညီပေးရမည့်နည်းလမ်းများကို ဆွေးနွေးလာနိုင်လိမ့်မည်။ သင်တန်းပေးသူ .. ဤသင်ခန်းစာသည် စိတ်ကြိုက်ရွေးချယ်နိုင်သည့်သင်ခန်းစာဖြစ်သည်။ စိတ်ဒဏ်ရာများသည် အတွက် မှတ်ချက် သင်ထောက်ကူ . အကြာခဏဆိုသလိုပင် စွဲလမ်းမှုများဆီသို့ခေါ်ဆောင်သွားတက်ပြီး၊ စွဲလမ်းမှုများက ထိုသူနှင့် သူ၏မိသားစုများ (သို့မဟုတ်) သူ့အသိုင်းအဝိုင်းများတွင် စိတ်ဒဏ်များကိုဖြစ်ပေါ်စေသည် ဟူသောအချက်တို့မှာ အလွန်ဆက်စပ်မှုရှိသောကြောင့် ဤသင်ခန်းစာကို စိတ်ဒဏ်ရာများအားကုစားခြင်းသင်ခန်းစာတွဲများတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ အဆုံးပိုင်းသင်ခန်းစာမှာ စွဲလမ်းမှုများနှင့်ရုန်းကန်နေရသည့်သူများအတွက်ဖြစ်ပြီး၊ ရွေးချယ်နိုင်သည့် သင်ခန်းစာဖြစ်သည် (၃၀ မိနစ်)။ […]
မိမိကိုယ်ကိုသေကြောင်းကြံမှု့

ဤသင်ခန်းစာပြီးမြောက်ပြီးနောက်တွင် သင်တန်းတက်ရောက်သူများသည် ၁။ မိမိကိုယ်ကိုမိမိသေကြောင်းကြံခြင်း၏အကျိုးသက်ရောက်မှုကိုခံစားရသူများအပေါ်၌ လုပ်ဆောင်ချက် ရှိနေသည့်သေကြောင်းကြံစည်မှု၏ အကျိုးနှင့်အကြောင်းကို ဆွေးနွေးလားနိုင်လိမ့်မည်။ ၂။ သမ္မာကျမ်းစာထဲမှ မိမိကိုယ်ကိုမိမိသေကြောင်းကြံစည်ခဲ့သူများရဲ့ ပုံစံများကိုရှာဖွေပြီး၊ သူတို့ရဲ့တုံ့ပြန်မှုများကို ဆင်ခြင်သုံးသပ်ပါ။ ၃။ မိမိကိုယ်ကိုမိမိသေကြောင်းကြံစည်ခြင်းအပေါ် ယဉ်ကျေးမှုအရသိမြင်နားလည်မှု နှင့် တုံ့ပြန်မှုများကို သမ္မာကျမ်းစာနှင့် စိတ်ကျန်းမာရေးဆိုင်ရာနည်းစနစ်များနှင့် နှိုင်းယှဉ်လာနိုင်မည်။ ၄။ မိမိကိုယ်ကို မိမိသတ်သေဖို့ စဉ်းစားနေခြင်းသည်မည်မျှအရေးကြီးအကြောင်း နှင့် မှန်ကန်စွာတုံ့ပြန်တက်ဖို့ ပြောပြရမည့်နည်းလမ်းများကိုဆွေးနွေးလာနိုင်လိမ့်မည်။ ၅။ မိမိကိုယ်ကို မိမိသတ်သေဖို့ကြိုးစားခဲ့သူ (သို့မဟုတ်) သတ်သေခဲ့သူများရဲ့ ချစ်ခင်သူများအား ကြုံတွေ့ခဲ့ရသောစိတ်ဒဏ်ရာများမှ သက်သာလာစေဖို့ ကူညီနိုင်မည့်နည်းလမ်းများကို ဆွေးနွေးနိုင်လိမ့်မည်။ Download file
မုဒိန်းမှု့နှင့်လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု့ပုံစံ

ဤသင်ခန်းစာပြီးမြောက်ပြီးမြောက်ပြီးနောက်တွင် သင်တန်းတက်ရောက်သူများသည် ဘာထား ၁။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာနောက်ယှက်ပုံစံများကို အဓိပ္ပါယ်ကိုသိလာလိမ့်မည်။ လုပ်ဆောင်ချက် ၂။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုပြုမူပုံများကိုရှင်းပြလာနိုင်လိမ့်မည်။ ၃။ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ကျူးလွန်ခံရသူများသည် ၎င်းတို့ရဲ့ စိတ်ဒဏ်ရာမှ ကျန်းမာလာစေဖို့ ကူညီပေးနိုင်မည့်နည်းလမ်းများကို ဆွေးနွေးလာနိုင်လိမ့်မည်။ ၄။ မုဒိမ်းကျင်ခံရခြင်းမှမွေးဖွားခံရသော ကလေးများအား လူ့အသိုင်းအဝိုင်းက လက်ခံ၊ ပြုစုပျိုးထောင်လာရန်ကူညီနိုင်မည့်နည်းလမ်းများကို ဆွေးနွေးလာနိုင်လိမ့်မည်။ Download file
ကလေးတွေကိုဘယ်လိုကူညီနိုင်မလဲ

ဤသင်ခန်းစာ ပြီးမြောက်သောအခါ- ၁။ ကလေးများ မကောင်းမှု သို့မဟုတ် ဘေးဒုက္ခကြုံလာသည့်အခါ သူတို့အတွက် လုပ်ဆောင်ခြင်း အထူးလိုအပ်ချက် ရှိသည်ကို နားလည်လာမည်။ ၂။ မကောင်းမှု သို့မဟုတ် ဘေးဒုက္ခကြောင့် ထိခိုက်ခံစားရသော ကလေးများကို မည်သို့ ကူညီပေးရမည်ကို သိလာမည်။ သင်တန်းပို့ချသူ ဤသင်ခန်းစာသည် စိတ်ဒဏ်ရာတို့ကို ကုသခြင်းသင်ခန်းစာ အတွဲထဲမှ ငါးခုမြောက် သင်ခန်းစာဖြစ်သည်။ Download file